![tamil christian songs lyrics](https://www.worldtamilchristians.com/wp-content/uploads/2023/11/tamil-christian-songs-lyrics-150x150.png)
ဟောင်းပြီ – Haung Bi Lyrics
ဟောင်းပြီ – Haung Bi Lyrics
ရွက်ဟောင်းကြွေချိန်မှာဆိုအမြဲလိုပါပဲ
ဒီတစ်ခါ နှစ်သစ်ရောက်လို့ ဘဝဟောင်းစွန့်မြဲ
သေချာစဉ်းစားကြည့်တော့
ဘဝမျက်နှာ ဘာမှမပြောင်းလဲ
နှစ်သစ်တွေသာ အလီလီ ပြောင်းလဲခဲ့တယ်
ဘဝရဲ့ ဒဏ်ရာတွေကို မင်းရင်ခွင်က
အသာယာ ဆွဲထုတ်ဖို့ ခွင့်ပြုလိုက်ပါ
ဟောင်းပြီ ဟောင်းပြီ
အရင်လို အတွေးဟောင်းနဲ့တော့ ရှေ့ဆက်မနေနဲ့
ဟောင်းပြီ ဟောင်းပြီ
သခင်၌ ဘဝသစ်ဖြစ်ဖို့ ကြိုးစားပါလား
ဘဝရဲ့ဒဏ်ရာတွေကို မင်းရင်ခွင်က
အသာယာဆွဲထုတ်ဖို့ ခွင့်ပြုလိုက်ပါ